ကျွန်ုပ်တို့အကြောင်း
ကောင်းကြီးသင်္ခါ ကုမ္ပဏီကို ဇွန်လ ၈ ရက် ၂၀၁၆ နေ့တွင် မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းလင်းမှ ဦးဆောင်ပြီး အစိုးရစီမံကိန်းများကို အဓိကထားဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ပါသည်။ ၂၀၁၉ တွင် ကောင်းကြီးသင်္ခါ ကုမ္ပဏီက စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများတွင် ဆောင်ရွက်ရန် တိုးချဲ့ခဲ့ပြီး ပြည်တွင်းလယ်သမားများအတွက် လိုအပ်သော လယ်ယာသုံးထွန်စက်နှင့် အခြောက်ခံစက်များ တင်သွင်းရောင်းချခဲ့ပါသည်။ မြန်မာကျေးလက်ဒေသများတွင် ယခုအခါ တိုးတက်မှုများစွာဖြစ်ပေါ်နေပြီး အထူးသဖြင့် စက်မှုလယ်ယာကဏ္ဍသည် တိုးတက်ပြောင်းလဲမှုအများဆုံး ဖြစ်နေပါသည်။ လယ်ယာသုံးထွန်စက်များသည် တောင်သူလယ်သမားဦးကြီးများ နေ့စဉ်လုပ်ငန်းခွင်တွင် မရှိမဖြစ် အရေးပါနေပြီး ထွန်စက်များလိုအပ်ချက်သည် မြန်မာပြည်တွင် နှစ်စဉ်မြင့်တက်လျှက် ရှိပါသည်။
အဆင့်မြင့်နည်းပညာသုံး အခြောက်ခံစနစ်သည် ဆန်၊ ပြောင်း အစရှိသော သီးနှံများ ပြည်ပပို့ရာတွင် အရေးကြီးသည့် နိုင်ငံတကာရောင်းတန်းဝင် အရည်အသွေးပြည့်မှီရန် များစွာ အထောက်အကူပြုပါသည်။ ကောင်းကြီးသင်္ခါ ကုမ္ပဏီသည် ဒေသတွင်းတွင် နည်းပညာအဆင့်အမြင့်ဆုံး SUNCUE အမှတ်တံဆိပ် အခြောက်ခံစက်များကို ထိုင်ဝမ်ထုတ်လုပ်သူမှ တိုက်ရိုက်မှာယူပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးအဓိကဖြစ်သော ဒေသများတွင် ရောင်းချတပ်ဆင်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေပါသည်။ အရည်အသွေးအထူးကောင်းမွန်သော ကုန်ချောများ ရရှိခြင်းကြောင့် SUNCUE အမှတ်တံဆိပ်အခြောက်ခံစက်များကို မြန်မာသီးနှံများ နိုင်ငံခြားတင်ပို့သော ပြည်တွင်းလုပ်ငန်းရှင်ကြီးများက အထူးနှစ်သက်ကြပါသည်။
SUNCUE grain dryers သီးနှံမျိုးစုံအခြောက်ခံစက်
SUNCUE အမှတ်တံဆိပ် အခြောက်ခံစက်များကို အသုံးပြုခြင်းဖြင့် သုံးဆွဲလည်ပတ်ရာတွင် ကုန်ကျစရိတ်နည်းပါးပြီး အရည်အသွေးမြင့် ကုန်ချောများ ရရှိနိုင်ပါသည်။ အဆင့်မှီစနစ်ဖြင့် တည်ဆောက်ထားခြင်း၊ ရေရှည် အသုံးပြုနိုင်ခြင်း၊ အသုံးပြုရာတွင် လွယ်ကူခြင်း၊ ပြုပြင်ထိန်းသိမ်းရာတွင် လွယ်ကူပါသည်။
တောင်သူလယ်သမားများအတွက် အကျိုးအမြတ်များစွာ ရရှိစေနိုင်ပါသည်။
စွန့်ပစ်ဘေးထွက်ပစ္စည်းများဖြစ်သော စပါးခွံ၊ ကော်ဖီစေ့ခွံ၊ သစ်သားအပိုင်းအစ၊ ပြောင်းရိုး စသည်တို့ကို လောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။
အဆင့်မြင့်နည်းပညာသုံး အခြောက်ခံစနစ်သည် ဆန်၊ ပြောင်း အစရှိသော သီးနှံများ ပြည်ပပို့ရာတွင် အရေးကြီးသည့် နိုင်ငံတကာရောင်းတန်းဝင် အရည်အသွေးပြည့်မှီရန် များစွာ အထောက်အကူပြုပါသည်။ ကောင်းကြီးသင်္ခါ ကုမ္ပဏီသည် ဒေသတွင်းတွင် နည်းပညာအဆင့်အမြင့်ဆုံး SUNCUE အမှတ်တံဆိပ် အခြောက်ခံစက်များကို ထိုင်ဝမ်ထုတ်လုပ်သူမှ တိုက်ရိုက်မှာယူပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးအဓိကဖြစ်သော ဒေသများတွင် ရောင်းချတပ်ဆင်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေပါသည်။ အရည်အသွေးအထူးကောင်းမွန်သော ကုန်ချောများ ရရှိခြင်းကြောင့် SUNCUE အမှတ်တံဆိပ်အခြောက်ခံစက်များကို မြန်မာသီးနှံများ နိုင်ငံခြားတင်ပို့သော ပြည်တွင်းလုပ်ငန်းရှင်ကြီးများက အထူးနှစ်သက်ကြပါသည်။
ရန်ကုန် (ရုံးချုပ်)
အမှတ် (၁၂)၊ အကွက် (၁က)၊ မြစိမ်းရောင်အိမ်ရာ ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။
၀၉ ၂၆၉ ၈၈၈ ၁၀၀၊ ၀၉ ၂၆၉ ၈၈၈ ၄၀၀၊ ၀၉ ၂၆၁ ၀၀၀ ၉၂၉
မန္တလေး (ရုံးခွဲ)
အမှတ်(၃၈-၃၉) (၅၈၈/၅)၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ နတ်ရေကန်ရပ်ကွက်၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။
၀၉ ၈၈၁ ၀၄၈ ၈၈၀၊ ၀၉ ၈၈၁ ၀၄၈ ၈၈၁၊ ၀၉ ၈၈၁ ၀၄၈ ၈၈၅၊ ၀၉ ၈၈၂ ၈၇၇ ၄၀၂
တောင်ကြီး (ရုံးခွဲ)
အမှတ် (၅/၂၄)၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်လေးလုံးကျေးရွာ၊ ရွှေညောင်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
၀၉၂ ၆၁၀ ၀၀၈ ၉၈၊ ၀၉၈ ၈၂၈ ၇၇၄ ၁၀၊
၀၉၈ ၈၂၈ ၇၇၄ ၁၁
၀၉၈ ၈၂၈ ၇၇၄ ၁၁