ကောင်းကြီးသင်္ခါ ကုမ္ပဏီကို ဇွန်လ ၈ ရက် ၂၀၁၆ နေ့တွင် မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းလင်းမှ ဦးဆောင်ပြီး အစိုးရစီမံကိန်းများကို အဓိကထားဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ပါသည်။ ၂၀၁၉ တွင် ကောင်းကြီးသင်္ခါ ကုမ္ပဏီက စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများတွင် ဆောင်ရွက်ရန် တိုးချဲ့ခဲ့ပြီး ပြည်တွင်းလယ်သမားများအတွက် လိုအပ်သော လယ်ယာသုံးထွန်စက်နှင့် အခြောက်ခံစက်များ တင်သွင်းရောင်းချခဲ့ပါသည်။ မြန်မာကျေးလက်ဒေသများတွင် ယခုအခါ တိုးတက်မှုများစွာဖြစ်ပေါ်နေပြီး အထူးသဖြင့် စက်မှုလယ်ယာကဏ္ဍသည် တိုးတက်ပြောင်းလဲမှုအများဆုံး ဖြစ်နေပါသည်။ လယ်ယာသုံးထွန်စက်များသည် တောင်သူလယ်သမားဦးကြီးများ နေ့စဉ်လုပ်ငန်းခွင်တွင် မရှိမဖြစ် အရေးပါနေပြီး ထွန်စက်များလိုအပ်ချက်သည် မြန်မာပြည်တွင် နှစ်စဉ်မြင့်တက်လျှက် ရှိပါသည်။
အဆင့်မြင့်နည်းပညာသုံး အခြောက်ခံစနစ်သည် ဆန်၊ ပြောင်း အစရှိသော သီးနှံများ ပြည်ပပို့ရာတွင် အရေးကြီးသည့် နိုင်ငံတကာရောင်းတန်းဝင် အရည်အသွေးပြည့်မှီရန် များစွာ အထောက်အကူပြုပါသည်။ ကောင်းကြီးသင်္ခါ ကုမ္ပဏီသည် ဒေသတွင်းတွင် နည်းပညာအဆင့်အမြင့်ဆုံး SUNCUE အမှတ်တံဆိပ် အခြောက်ခံစက်များကို ထိုင်ဝမ်ထုတ်လုပ်သူမှ တိုက်ရိုက်မှာယူပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးအဓိကဖြစ်သော ဒေသများတွင် ရောင်းချတပ်ဆင်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေပါသည်။ အရည်အသွေးအထူးကောင်းမွန်သော ကုန်ချောများ ရရှိခြင်းကြောင့် SUNCUE အမှတ်တံဆိပ်အခြောက်ခံစက်များကို မြန်မာသီးနှံများ နိုင်ငံခြားတင်ပို့သော ပြည်တွင်းလုပ်ငန်းရှင်ကြီးများက အထူးနှစ်သက်ကြပါသည်။
SUNCUE grain dryers သီးနှံမျိုးစုံအခြောက်ခံစက်
SUNCUE အမှတ်တံဆိပ် အခြောက်ခံစက်များကို အသုံးပြုခြင်းဖြင့် သုံးဆွဲလည်ပတ်ရာတွင် ကုန်ကျစရိတ်နည်းပါးပြီး အရည်အသွေးမြင့် ကုန်ချောများ ရရှိနိုင်ပါသည်။ အဆင့်မှီစနစ်ဖြင့် တည်ဆောက်ထားခြင်း၊ ရေရှည် အသုံးပြုနိုင်ခြင်း၊ အသုံးပြုရာတွင် လွယ်ကူခြင်း၊ ပြုပြင်ထိန်းသိမ်းရာတွင် လွယ်ကူပါသည်။
တောင်သူလယ်သမားများအတွက် အကျိုးအမြတ်များစွာ ရရှိစေနိုင်ပါသည်။
စွန့်ပစ်ဘေးထွက်ပစ္စည်းများဖြစ်သော စပါးခွံ၊ ကော်ဖီစေ့ခွံ၊ သစ်သားအပိုင်းအစ၊ ပြောင်းရိုး စသည်တို့ကို လောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။
ရန်ကုန်ရုံးချုပ်ကို လှိုင်သာယာစက်မှုဇုန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရုံးခွဲများစွာကို မြန်မာပြည် နေရာများစွာတွင် ဖွင့်လှစ်ထားခြင်းဖြင့် ကျွန်ုပ်တို့၏ သုံးစွဲသူများကို ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ ဝန်ဆောင်မှုများ ထိရောက်စွာ ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့နှင့်အတူ လက်တွဲ အလုပ်လုပ်နေသော အရောင်းကိုယ်စားလှယ်များ ကိုလည်း ခန့်အပ်ထားရှိပါသည်။